မတ်ပဲနှင့်ပဲစင်းငုံ
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပဲ(တစ်တန်) ဈေးနှုန်းများမှာ မတ်ပဲ FAQ/RC (2024 Crop) ကျပ် ၂,၉၉၈,၀၀၀၊ မတ်ပဲ SQ/RC (2024 Crop) ကျပ် ၃,၃၁၅,၀၀၀ နှင့် ပဲစင်းငုံ Red/ RC(2024 Crop) ကျပ် ၂,၇၅၂,၀၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မတ်ပဲ FAQ/RC (2024 Crop) ကျပ် ၁၅,၀၀၀၊ မတ်ပဲ SQ/RC (2024 Crop) ကျပ် ၁၇,၀၀၀ နှင့် ပဲစင်းငုံ Red/ RC(2024 Crop) ကျပ် ၄၇,၀၀၀ အသီးသီးဈေး ကျဆင်းခဲ့သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ မတ်ပဲ FAQ/RC (2024 Crop) ကွန်တိန်နာ ၈၀ လုံး (တန်ချိန် ၁၉၂၀) နှင့် ပဲစင်းငုံ Red/ RC(2024 Crop) ကွန်တိန်နာ ၁၅ လုံး (တန်ချိန် ၃၆၀) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် မတ်ပဲ FAQ/RC (2024 Crop) ကွန်တိန်နာ ၁၂၀ လုံး (တန်ချိန် ၂၈၈၀)ဝင်ရောက် ခဲ့သောကြောင့် ယခင်အပတ်ထက် မတ်ပဲကွန်တိန်နာ ၄၀ လုံး (တန်ချိန် ၉၆၀) နှင့် ပဲစင်းငုံ Red/ RC(2024 Crop) ကွန်တိန်နာ ၁၅ လုံး (တန်ချိန် ၃၆၀) ပိုမို ဝင်ရောက်ခဲ့ ကြောင်းသိရသည်။
ငရုတ်
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငရုတ်သီး ( တစ်ပိဿာ ) ဈေးနှုန်းများမှာ ပန်းရဲငရုတ် (သစ်) AC ကျပ် ၇,၅၀၀၊ မြားနီ ကျပ် ၉,၀၀၀ ၊ ဆင်ဖြူကျွန်း (ပု) ကျပ် ၁၇,၀၀၀ ၊ မိုးထောင်မြစ်ဝပု ကျပ် ၁၂,၀၀၀ နှင့် မြစ်ဝပု(သစ်) ကျပ် ၂၀,၀၀၀ ဈေးအသီးသီး ဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ငရုတ်သီးများ ဈေးငြိမ်လျက်ရှိသည်။ ကုန်စည်ဒိုင်သို့ ယခင်အပတ်က ငရုတ်ရှည် အိတ်ပေါင်း ၉၀၀ (၁၈,၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင်လည်း ငရုတ်ရှည်အိတ်ပေါင်း ၉၀၀(၁၈,၀၀၀ ပိဿာ)ဝင်ရောက်ခဲ့ကြောင်း သိရသည်။
မန်ကျည်းသီး
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် မန်ကျည်းသီး (တစ်ပိဿာ) ဈေးနှုန်းများမှာ မန်ကျည်းသီးပွင့်ကပ် (သစ်) ကျပ် ၆၀၀၀ နှင့် မန်ကျည်းအသား(သစ်)ကျပ် ၉၃၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ် အတွင်း မန်ကျည်းများ ဈေးငြိမ်လျက်ရှိသည်။
ထန်းလျက်၊ ကြံသကာနှင့် သကြား
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သောထန်းလျက်၊ ကြံသကာနှင့် သကြား (တစ်ပိဿာ) ဈေးနှုန်းများမှာ တောင်သာမလိုင်(ဒုံး) ကျပ် ၅၆၀၀၊ ညောင်ဦးဆေးရှယ်(ထန်း) ကျပ် ၆၈၀၀၊ ပခုက္ကူ ကြမ်း (သစ်)ကျပ် ၅၅၀၀၊ ရေစကြို ထန်းလျက်(သစ်) ကျပ် ၇၀၀၀၊ ကြံသကာကျပ် ၅၂၀၀ နှင့် သကြား(ပြည်တွင်း)ကျပ် ၄၇၀၀ ဈေးအသီးသီး ဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း တောင်သာမလိုင်(ဒုံး) ကျပ် ၁၀၀၊ ပခုက္ကူကြမ်း (သစ်)ကျပ် ၁၅၀ ဈေးမြင့်တက်ခဲ့ပြီး ညောင်ဦးဆေးရှယ်(ထန်း) ကျပ် ၂၀၀ နှင့် သကြား(ပြည်တွင်း) ကျပ် ၅၀ ဈေးကျဆင်းခဲ့သည်။ ကျန်အမျိုးအစားများမှာ ဈေးငြိမ်လျက် ရှိသည်။
ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး